သင်တွဲမြောင်းတွင် မြောင်းဘောင်ရေတိုက်စားခြင်းမှကာကွယ်စေရန်နှင့် မြောင်းဆုံးမြောင်းဖျားအထိ စိုက်ပျိုးရေပေးနိုင်ရေး Spill in အဆောက်အအုံတစ်ခုအားပြန်လည်ပြုပြင်

ကျောက်ဆည် စက်တင်ဘာ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်သည် ဆည်၊ မြောင်း၊ ချောင်း၊ ကန်ပေါများသဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ အဓိကထားလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့်အတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဘဏ္ဍာနှစ်အလိုက် စိုက်ပျိုးရေပေးမြောင်းများနှင့် ဆက်စပ်လုပ်ငန်းများအား အသစ်ဆောက်လုပ်ခြင်း၊ အဟောင်းပြင်ဆင်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၌ သင်းတွဲမြောင်းတွင် မြောင်းဘောင်ရေတိုက်စားခြင်းမှ ကာကွယ်စေရန်နှင့်  မြောင်းဆုံးမြောင်ဖျားအထိ စိုက်ပျိုးရေပေးနိုင်ရေး Spill in အဆောက်အအုံတစ်ခုအား ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ Spill in အဆောက်အအုံသည် ကျောက်ဆည်မြို့နယ် ပြည်တော်သာကျေးရွာအနီး သင်းတွဲမြောင်း၏ ပေတိုင်အမှတ် (၆+၀၅၀) တွင် တည်ရှိပြီး  အဆောက်အအုံသည် ဝဲနှင့်ယာကျောက်ဆလံများသည် မိုးတွင်းကာ မိုးရေများစွာစီးဆင်း၍ မြေသားဘောင်များ ရေတိုက်စားမှုကြေင့် ပျက်စီးနေခြင်း၊ ရေဝင်လမ်းကြောင်းထိပ် မျက်နှာချင်းဆိုင်မြောင်းဘောင်အား ရေတိုက်စားသဖြင့် မြောင်းပေါင် ကျိုးပေါက်ပျက်စီးခြင်းမှ ကာကွယ်ရန် ကုန်ကျငွေ(၂၃.၀၀)ကျပ်သန်း အကုန်အကျခံကာ အဆောက်အအုံ၏ အထက်ဘက် ဝဲဘက် R/W (၈၈)ပေ၊ Structure အထက်/အောက် လိုင်နင်(၂၅)ပေ၊ Structure အဝင် လိုင်နင်(၂၅)ပေ၊ အကျယ်(၁.၅)ပေ၊ အမြင့်(၆)ပေ  ပြုပြင်ပေးခဲ့ကြောင်း သိရသည်။       

Spill in အဆောက်အအုံသည် ပြန်လည်ပြုပြင်ပေးသည့်အတွက် သီးနှံမျိုးစုံ(၄၈၉၀)ဧကအတွက် စိုက်ပျိုးရေများလိုအပ်သလိုပေးဝေနိုင်ပြီဖြစ်ကြောင်းနှင့် ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် တောင်သူများ လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုးတိုးတက်ရေး စိုက်ပျိုးရေပေးဝေနေသည့် ရေကျအဆောက်အအုံများ၊ မြောင်းများ၊ ရေပြွန်များ၊ ရေတံခါးများအား ဘဏ္ဍာနှစ်အလိုက် ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)