တံတားမြို့တွင် ကျောင်းသားကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နည်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်

တံတား စက်တင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့်စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က တံတားမြို့အမှတ်(၄)ရပ်ကွက်အတွင်းရှိ အ.မ.က(မူလွန်)ကျောင်းသို့သွားရောက်၍ နယ်လှည့်စာကြည့်တိုက်နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့်အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်မိုးဖြူလွင်က ကျောင်းသား၊ ကျောင်းသူများအား မိုးရာသီတွင်ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ်များ၊ ရေကြီးရေလျှံမှုများ၊ သဘာဝဘေးအန္တရာယ်မကျရောက်မီ မိသားစုကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ကျရောက်လာပါက သတိပြုလိုက်နာရမည့်ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသိပညာပေးဟောပြောပြီးနောက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိုးရာသီတွင်ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ ကျောင်သား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ခန့်စည်သူဝင်း(ပြန်/ဆက်)