တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကျင်းပ

တံတားဦးစက်တင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်တို့တွင်  တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေများနှင့်ထိတွေ့ပြီး အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် နေ့ထူးနေ့မြတ်များကို အောက်မေ့သတိရစေရန်၊ အသိပညာဗဟုသုတနှင့် ပြည့်စုံပြီး နိုင်ငံတော်အတွက် အနာဂတ် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရေး လူအများအလယ်တွင် ရဲဝံ့စွာ ပြောဆိုပြုမူတတ်စေရေး၊ နှုတ်မှုစွမ်းရည်များ တိုးပွားလာစေရန်  စာကြည့် တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တံတားဦးမြို့ မြို့မအခြေခံအလယ်တန်းကျောင်းမှ Grade -6 မှ ကျောင်းသား၊ ကျောင်းသူ(၁၄)ဦးမှ  မိမိတို့လေ့လာထားသည့် ကဗျာများဖြင့်လည်းကောင်း၊ ပုံပြင်ပြောပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၄)ဦးက မဲနှိုက်ရွေးချယ်ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)