ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

ကျောက်ဆည် စက်တင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ကျောက်ဆည်မြို့နယ် အတွင်း ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးနှင့် ခြင်ကြောင့် ဖြစ်ပွားနိုင်သည့် ရောဂါများ မဖြစ်ပွားစေရေး အခြေခံပညာကျေားင်းများတွင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောက်ဆည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၃)၊ ဦးအောင်ထားရွှေနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးလင်းထွန်းတို့က လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုပေါင်း၍ ကျောင်းဝန်းအတွင်းရှိ ပလတ်စတစ်အိတ်ခွံများ၊ နွယ်မြက်သစ်ပင်များ၊ ခြုံနွယ်များ၊ သစ်ကိုင်းအခြောက်များနှင့် အမှိုက်များအား စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ထွက်ရှိလာသော အမှိုက်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဌာနပိုင်အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ သိမ်းဆည်းစွန့်ပစ်ခဲ့ကြောင်း သိရသည်။

စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များမှ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်မောင်(ပြန်/ဆက်)