တန့်ယန်း စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်ကျော်ထွန်းနှင့် အရာရှိကြီးများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်၍ ခရိုင်သန်းခေါင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်က သင်တန်းဖွင့်အမှာစကားပြောကြားကာ မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးစီးအရာရှိ ဦးအမ်ဇော်နော်က ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်ကျော်ထွန်းက သင်တန်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် ပစ္စည်းများအားပေးအပ်ရာ ခရိုင်သန်းခေါင်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်က လက်ခံရယူခဲ့သည်။
အဆိုပါ သင်တန်းအား ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မင်းထွန်းနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ သင်တန်းသား သင်တန်းသူ စုစုပေါင်း (၅၁)ဦး တက်ရောက်ကာ သင်တန်းကာလမှာ စက်တင်ဘာလ ၂၈ ရက်နေ့အထိဖြစ်ကြောင်း သိရသည်။
(မြို့နယ်ပြန်/ဆက်)