မိုးနဲ စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်တွင် စာသုံးဆီဖူလုံစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ဆီထွက်သီနှံများစိုက်ပျိုးလျက်ရှိရာ ဆိုက်ဖယ်ကျေးရွာ၌ ယနေ့နံနက် ၈ နာရီအချိန်က ဆီထွက်သီးနှံဆောင်းနေကြာ ရေဆင်းစပ်မျိုး(၁) မျိုးစေ့ထုတ် စိုက်ခင်း စတင်စိုက်ပျိုးနေကြောင်း သိရသည်။
စိုက်ပျိုးရာနေရာသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်မော်ဦးနှင့် ဝန်ထမ်းများက ကွင်းဆင်းသွားရောက်၍ လိုအပ်သော အကူအညီနှင့် နည်းပညာဖြန့်ဖြူးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)