ကာလိမြို့တွင် လူငယ်ရေးရာအသိညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ကာလိ စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစည်သူအောင်က ကျောင်းသား/သူများ စာပေဖတ်ရှုခြင်းမှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အကြောင်းအရာများအား ပြောကြားခဲ့သည်။ ထို့နောက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်အား ပြသရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာဖြင့် ဖတ်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။

ကာလိ(ပြန်/ဆက်)