ကလောမြို့နယ် ရွှေမင်းဖုန်းကျေးရွာအုပ်စု ရွှေတောင်ကြားရပ်ကွတ်ရှိ ရေဘေးသင့်ပြည်များထံ ထောက်ပံ့ပစ္စည်းများ ပေးအပ်

ကလော စက်တင်ဘာ  ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းကျေးရွာအုပ်စု၊ ရွှေတောင်ကြားရပ်ကွတ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများကို ယမန်နေ့ ညနေ ၃ နာရီက တာဝန်ရှိသူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့သို့ထောက်ပံ့ပစ္စည်းများကို ကလောတပ်နယ်မှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်၊ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးလင်းဇော်ထွေးနှင့် တာဝန်ရှိသူများက ရွှေမင်းဖုန်းကျေးရွာအုပ်စု၊ အာရှကမ္ဘာမြေကုမ္ပဏီ၏ ရွှေမင်းဖုန်းသတ္တုလုပ်ကွက် လုပ်သားစုရပ် ရွှေတောင်ကြားရပ်ကွတ်သို့ သွားရောက်၍ လောချောင်းရေလျှံမှုကြောင့် ရေဘေးသင့်ခဲ့သည့် ပြည်သူများနှင့် ရွှေ့ပြောင်းလုပ်သား အိမ်ထောင်စု (၅၉၃)စု  လူဦးရေ (၁၈၁၈)ဦးတို့အား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ မိုးကာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေးစကားပြောကြားခဲ့သည်။

ထို့နောက် ရွှေမင်းဖုန်းကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ရေနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသား/သူများအား အားပေးစကားပြောကြား၍ ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ငွေကျပ် ၄ သိန်းကျပ်နှင့် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)