ငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာအုပ်စုတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်ခြင်းနှင့်ကော်ဖီသီးနှံပင်စိုက်ပျိုးပွဲဆောင်ရွက်

ငရုတ်ကောင်း စက်တင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာအုပ်စုတွင်သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်ခြင်းနှင့်‌ ကော်ဖီသီးနှံစိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်း ကငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာအုပ်စု၊ ငရုတ်ကောင်းတောင်ကျေးရွာ ကွင်းအမှတ် ကျိုးဝိုင်းကွင်း/မြစ်တရာကြိုးဝိုင်း၊ အကွက်အမှတ် (၂၂၇) ရှိ တောင်သူ‌ဒေါ်ပဲကြီး၏ လယ်ယာမြေ (၅) ဧက၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်ခြင်း‌ ဆောင်ရွက်ပြီး၊ ကွင်းအမှတ် (၆၂၇/၂) ရှိတောင်သူဒေါ်စန်းစန်းရီ၏ လယ်ယာမြေ (၃) ဧက၌ကော်ဖီသီးနှံတစ်ထောင်ပင်အား စိုက်ပျိူးခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌဦးကျော်သူနှင့် အဖွဲ့ဝင်ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးမှူး ဦးကျော်စွာထွန်းနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြပြီးစုပေါင်း၍ လယ်ယာမြေများအတွင်း သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များ ကြဲပက်ခြင်းနှင့်ကော်ဖီသီးနှံပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ငရုတ်ကောင်း (ပြန်/ဆက်)