၂ဝ၂၄ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအားကစားပွဲတော် အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် စက်တင်ဘာ ၂၁

၂ဝ၂၄ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအားကစားပွဲတော် အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ သုဝဏ္ဏပိုက်ကျော်ခြင်းရုံ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ  တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့​ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဧည့်သည်တော်များက သင်္ဏန်းကျွန်းခရိုင်နှင့် မင်္ဂလာဒုံခရိုင်အသင်းတို့၏ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုအားကြည့်ရှုအားပေးသည်။

ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့၊လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က အမျိုးသား၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိကြသည့်အသင်းများအားလည်းကောင်း၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဌာန မျိုးမြင့်အောင်က အမျိုးသား၊ အမျိုးသမီး သုံးယောက်တွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိကြသည့် အသင်းများအားလည်းကောင်း ဆုများများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုရအသင်းများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။

၂ဝ၂၄ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအားကစားပွဲတော် အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို စက်တင်ဘာ ၁၅ ရက်မှ စက်တင်ဘာ ၂၀ရက်နေ့အထိကျင်းပခဲ့ရာ ခရိုင် (၁၄) ခရိုင်မှ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲဝင်အသင်း (၂၈) သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ 

အောင်မြင့်(ပြန်/ဆက်)