ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း”ကျင်းပ

ဥတ္တရသီရိ စက်တင်ဘာ ၂၁
 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မင်းကုန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး  “လူငယ်စကားဝိုင်း”ကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်း စိန်ရတနာဆောင်တွင်ကျင်းပခဲ့သည်။
ဦးစွာ ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးမျိုးချစ်က အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဓိက စွမ်းအားစုအဖြစ်ပါဝင်နိုင်ရေးနှင့် ဗလငါးတန်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်စေလိုကြောင်းပြောကြားကာ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြစန်းရီက ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ လူငယ်များနားထောင်ပြီး အသိပညာဗဟုသုတများရရှိ၍ အပြန်အလှန်ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ စာများများဖတ်ပြီး ဗဟုသုတကြွယ်ဝသောလူငယ်များဖြစ်၍ အမှားအမှန်ခွဲခြားသိမြင်တက်စေရန်၊ စာအုပ်စာပေသည် ငြီးငွေ့နေလျှင် ရယ်ရွှင်စေ၏၊ ဗဟုသုတ ပေး‌ဝေငှ၏၊  စိတ်အားငယ်က တက်ကြွစေ၏၊  မာန်လွန်ကဲလျှင် သတိယှဉ်၏၊  တရားဓမ္မ လမ်းမှန်ပြ၏၊  လောကီလောကုတ္တရာ အဆီအနှစ်အသစ်အကောင်း စုပေါင်းပညာ ဝေဖြာရောင်လင်းအမှောင်ခွင်း၏ဟု ပညာရှင်များဆိုထားခဲ့ကြောင်း၊ စာဖတ်ရှိန်မြင့်မားစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပပေးရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ဥတ္တရခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ခင်ချိုအောင်နှင့်အတူ Grade-11
မှ မောင်မင်းခန့်ညားက လူငယ်နှင့်ကျန်းမာ‌ရေး၊ Grade-10မှ မနေခြည်ဦးက လူငယ်နှင့်စာပေ၊ Grade-9မှ မောင်စွမ်းထက်အာကာ‌ကျော်က  လူငယ်နှင့်အားကစား၊ Grade-9မှ မလရိပ်မေက လူငယ်နှင့်စိတ်ဓာတ်၊  Grade-9မှ မောင်စိုင်းပြည့်ဇော်က လူငယ်နှင့်ယဉ်ကျေးမှု၊ Grade-9မှ မလင်းလက်ဟေသီက လူငယ်နှင့်ရည်မှန်းချက်၊  Grade-11မှ မောင်ဥက္ကာမင်း‌ဇင်က လူငယ်နှင့်နည်းပညာစသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့် ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
ယင်းနောက် အထက်တန်းပြဆရာမကြီး
ဒေါ်ဥမ္မာလွင်က ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်ကအားထားရသည့် လူတော်၊ လူကောင်းများဖြစ်လာစေရန်ကြိုးစားဖို့လိုကြောင်းပြောကြားကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
အခမ်းအနားအပြီးတွင် အသိပညာပေးနံရံကပ်ပြဘုတ်များပြသခြင်းနှင့် သုတရသစာအုပ်၊ စာစောင်များပြသခြင်းကိုဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်
ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြ‌ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)