သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပ

တွံတေး စက်တင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ခတ္ထိယရွာသစ်ကျေးရွာ (SMART Village)တွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယမန်နေ့နေ့လယ်(၁) နာရီအချိန်က ခတ္ထိယရွာသစ်ကျေးရွာ၊ စင်္ကြာတောင်ကျောင်းတိုက်ရှိ မဟာသန္တိသုခဓမ္မရိပ်သာကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တွံတေးခရိုင်၊ ခရိုင်ကျေးလက်ဒေ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သက်ဦးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ကျေးလက်ဒေသဖွံ​ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားမှူးဒေါ်ယဥ်ယဥ်ဌေးက SMART Village စီမံကိန်းနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရန်ကုန်တောင်ပိုင်းခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာလင်းက သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို Power Point ဖြင့်လည်း

ကောင်း၊ ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆွေဆွေမြင့်၊ ဒေါ်တင်တင်ဝင်းတို့က မြေ၊ မျိုး၊ ပိုးနည်းပညာများကိုPower Point ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ​ဦးစီးအရာရှိ ဦးသက်ဦးက စာကြည့်တိုက်ရေရှည်တည်တံခိုင်မြဲရေးနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြောင်းအားလည်းကောင်း၊ မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်အေးအေးထိုက်က မြစိမ်းရောင်စီမံကိန်းအကြောင်းအားလည်းကောင်း ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းရွှေက ကျေးဇူးတင်စကားပြန်လည်းပြောကြားခဲ့ကြောင်းသိရသည်။ ဟောပြောဆွေးနွေးပွဲသို့ ကျေးရွာသူ၊ ကျေးရွာသားများ၊ဖိတ်ကြားထားထားသော ဌာနဆိုင်ရာကြီးအကဲများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

တွံတေးသား