တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုက်ရေးဦးစီးဌာနမှ ရေဘေးသင့်မှုကြောင့် ပျက်စီးခဲ့သော လက်နှိပ်ရေတွင်း၊ စက်တွင်းများအား ရေမှုတ်ခြင်း၊ တွင်းသန့်ရှင်းရေး အခမဲ့ဆောင်ရွက်ပေး

တပ်ကုန်း စက်တင်ဘာ ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး၊ တောင်ကျချောင်းရေများ၍ ပွဲစားရေလွှဲဆည်၊ မုန်ဆည်၊ ကင်းသာဆည်များ ကျိုးပေါက်ရေလျှံခြင်းနှင့် နဝင်းချောင်းရေလျှံမှုကြောင့် နဝင်းချောင်းဘေး ဝဲ၊ ယာတွင်ရှိသော ရပ်ကွက်၊ကျေးရွာများတွင်ရေကြီးရေလျှံဖြစ်ပွားခဲ့ရာ ရေဝင်ရောက်ခဲ့ရသောကျေးရွာနေပြည်သူများ သောက်သုံးရေဖူလုံစေရန် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း အနီးကပ်ကြီးကြပ်ပြီး၊  မြို့နယ်ကျေ လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်နှိပ်ရေတွင်း၊ စက်ရေတွင်းများကို ရေမှုတ်ခြင်း၊ တွင်းသန့်ရှင်းရေးလုပ်ငန်းများကို စက်တင်ဘာ ၁၃ရက်နေ့မှ ယနေ့ထိ အခမဲ့ဆောင်ရွက်ပေး လျက်ရှိသည်။

အဆိုပါလုပ်ငန်းတွင် မကျီးပင်ကျေးရွာ ၇၈တွင်း၊ ရေတွင်းဖြူကျေးရွာတွင် ၇၀တွင်း၊ ညောင်ပင်သာကျေးရွာတွင် ၈တွင်း၊ ရှားတုန်းအိုင်ကျေးရွာတွင် ၅၀တွင်း၊ ချောင်းခွကျေးရွာတွင် ၄၀တွင်း၊ ဥယျာဉ်ကျေးရွာတွင် ၄၀တွင်း၊ ကြက်သွန်းခင်းကျေးရွာတွင် ၅၉တွင်း၊ အဆုံ(ဇီးကုန်း) ကျေးရွာတွင် ၆၀ တွင်း၊ ကြို့ကုန်းကျေးရွာတွင် ၁၅ တွင်း၊ စုစုပေါင်း ၃၇၅ တွင်းတို့ကို ရေမှုတ်ခြင်း၊ တွင်း သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းထွန်း၏ ပြောပြချက်အရ သိရသည်။

တင်စိုးလွင်