မိုင်းယုမြို့၌ သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်၊ အရေးပေါ်တုံ့ပြန်နိုင်ရေး လေ့ကျင့်သရုပ်ပြ

မိုင်းယု စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်၊ အရေးပေါ်တုံ့ပြန်နိုင်ရေး လေ့ကျင့်သရုပ်ပြဆောင်ရွက်မှုကို ယမန်နေ့ညနေပိုင်းက မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး သက်နောင်ထူးက အဖွင့်အမှာစကား ပြောကြားပြီး မြို့မီးသတ်တပ်ဖွဲ့မှ ကူညီကယ်ဆယ်ရေးသုံးပစ္စည်းများ အသုံးပြုပုံနှင့် အရေးပေါ်ကြုံတွေ့လာပါက မည်သို့ဆောင်ရွက်သွားမည့် အခြေအနေများကို သရုပ်ပြရှင်းလင်းခဲ့သည်။

ထို့နောက် အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးနှင့်အတူ ခရိုင်သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်/မြို့အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့နေ ပြည်သူများက မီးသတ်တပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးအဖွဲ့၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ တပ်နယ်/တပ်ရင်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ကျောင်းသားကျောင်းသူတို့၏ သဘာဝဘေးအန္တရာယ်အတွက် အရေးပေါ်တုံ့ပြန်နိုင်ရေး လေ့ကျင့်သရုပ်ပြ ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရ သည်။

ကိုကိုနိုင်