မိကျောင်းတက်ကျေးရွာတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအသိပညာပေး‌ ဟောပြောပွဲကျင်းပ

အမရပူရ စက်တင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေလုပ်ငန်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက အမရပူရမြို့နယ်၊ မိကျောင်းတက်ကျေးရွာ၊ ရွာလည်ဘုရားဝန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေး‌‌ ဟောပြောပွဲတွင်လာမည့် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်ထိကောက်ယူမည့် သန်းခေါင်စာရင်းဆိုင်ရာရည်ရွယ်ချက်၊‌ ကောက်ယူမည့်နည်းလမ်း၊ ကောက်ယူမည့်အိမ်ထောင်စုမေးခွန်းပုံစံနှင့် အဖွဲ့အစည်းမေးခွန်းများအား ပြည်သူများကို လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးဦးတင်ကိုကိုဝင်းက  အကျယ်တဝင့် အသိ ပညာပေးဟောပြောခဲ့သည်။ တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များမေးမြန်းဆွေးနွေးကြရာ မြို့နယ်ဦးစီးမှူး ဦးတင်ကိုကိုဝင်းက ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များက ၂၀၂၄ခုနှစ်၊လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်း ကောက်ကြစို့ စာတန်းပါ အသိပညာပေးပိုစတာနှင့်လက်ကမ်းစာစောင်များကို  တက်ရောက်လာကြသည့် ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကျေးရွာတာဝန်ရှိသူများအတွက် သန်းခေါင်စာရင်းတီရှပ်အင်္ကျီနှင့် ဦးထုပ်များပေးဝေခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)