ပြင်ဦးလွင်မြို့နယ် ညောင်နီ(အ.လ.က)ခွဲတွင် စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်ရေးရာဟောပြော‌ပွဲ ကျင်းပ

ပြင်ဦးလွင် စက်တင်ဘာ ၂၁

လူငယ်ကဏ္ဍကိုမြှင့်တင်‌ဆောင်ရွက်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ‌ဟော‌ပြောပွဲကို ယမန်နေ့‌ နံနက် (၉) နာရီခွဲအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ညောင်နီ(အ.လ.က)ခွဲတွင် ကျင်းပရာ ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဗမာစာပေနှင့်ယဉ်ကျေးမှုအသင်း ခရိုင်အဆင့်ဒုတိယဥက္ကဋ္ဌ ဒေါ်အေဇင်မေက ဗမာစာပေနှင့်ယဉ်ကျေးမှုအသင်းအား မိတ်ဆက်ပေးခဲ့‌ကြောင်း သိရှိရသည်။ ထို့နောက် စာရေးဆရာ ကိုရွှေအောင်သင်းက “အနာဂတ်ကို ပိုင်စိုးမည့်သူများ” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောချက်များနှင့်ပတ်သတ်၍ ကျောင်းသား/ကျောင်းသူများအားမေးမြန်းခဲ့ရာ ကျောင်းသား/ ကျောင်းသူများက ပြန်လည်ဖြေကြားခဲ့သည်။

ဆက်လက်ပြီး  Green Challenge Association အဖွဲ့မှ အသင်းနာယက ဦးလင်းဇော်မင်းက ဆုရရှိသော ကျောင်းသား /ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှတာ၀န်ရှိသူများသည် ညောင်နီ(အ.လ.က)ခွဲမှ ကျောင်းသား/ကျောင်းသူများအား အသိအလိမ္မာရဖွယ် သုတ၊ ရသပုံပြင်များ ဖတ်ကြားပြခြင်း၊ နံရံကပ်စာစောင်များ ၊ သုတ၊ ရသစာစောင်များ ခင်းကျင်းပြသ‌ပေးသည်။

အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ ကျောင်းသား/သူ(၁၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

သွေးသွေး (ခရိုင် ပြန်/ဆက်)