ကျောက်ဆည်မြို့နယ်နှင့် မြစ်သားမြို့နယ်တွင် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ရေဘေးသင့်ဒေသများသို့ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး

ကျောက်ဆည် စက်တင်ဘာ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ကျောက်ဆည်မြို့နယ်နှင့်မြစ်သားမြို့နယ်များတွင် မြစ်ရေများဝင်ရောက်ခဲ့ရာ ပြည်သူများကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲမရှိစေရေး ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးအဖွဲ့ဦးဆောင်မှုဖြင့် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ရေဘေးသင့်ကျေးရွာများသို့ ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာ၌ သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌများ၊ ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ ကျောက်ဆည်မြို့နယ်တွင် အမျိုးသား(၁၄၅)ဦး၊ အမျိုးသမီး(၃၁၆)ဦး၊ မြစ်သားမြို့နယ်တွင် အမျိုးသား(၆၃၄)ဦး၊ အမျိုးသမီး (၁၁၂၀)ဦး စုစုပေါင်းပြည်သူ(၂၂၁၅)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ပြီး လိုအပ်သည့်ဒေသများသို့လည်းကွင်းဆင်း၍ ကျန်းမာ ရေးစောင့်ရှောက်မှုများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)