မိုးနဲ စက်တင်ဘာ ၂၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ရုံး၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ် မေထုံမဲ့သားစပ်စီမံချက်အရ မွေးမြူရေးဘဏ်စနစ်ဖြင့် မျိုးကောင်းမျိုးသန့်ဒေသနွားမများပေးအပ်ခြင်းကို နားခံကျေးရွာအုပ်စု ပန်အူ ကျေးရွာ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပေးအပ်ခဲ့ကြောင်းသိရသည်။
ဦးစွာ နမ့်စန်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီဌာနမှူး ဒေါက်တာအမ်ဇော်မိုင်နှင့် မြို့နယ်မွေးမြူရေးဘဏ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်တို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ကြပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှုး ဒေါက်တာညွန့်နိုင်က မျိုးကောင်းမျိုးသန့် ဒေသနွားမများပေးအပ်ရခြင်းနှင့် ဆက်လက်မွေးမြူရမည့်နည်းလမ်းများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ နွားစာအဖြစ်စိုက်ပျိုးရန် မွန်ဘားဆားမြက်မျိုးစေ့များကို ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြပြီး မွေးမြူမည့်တောင်သူ ၁၀ ဦးအား တစ်ဦးလျှင် တစ်ကောက်နှုန်းဖြင့် မျိုးကောင်းမျိုးသန့်ဒေသနွားမ ၁၀ ကောင်ကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)