တပ်ကုန်း စက်တင်ဘာ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ၍ ပွဲစားရေလွှဲဆည်၊ မုန်ဆည်၊ ကင်းသာဆည်များ ကျိုးပေါက်ရေလျှံခြင်းနှင့် နဝင်းချောင်း ရေလျှံမှုကြောင့် နဝင်းချောင်းဘေး ဝဲ၊ ယာတွင်ရှိသော ရပ်ကွက်၊ ကျေးရွာများတွင် ရေကြီးရေလျှံဖြစ်ပွားခဲ့ရာ တိရစ္ဆာန်များသေပျောက်မှု တိကျမှန်ကန်စေရန် နေပြည်တော် ကောင် စီဝင် ဦးဇေယျာလင်း အနီးကပ်ကြီးကြပ်၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ စက်တင် ဘာ ၁၃ရက်မှ ယနေ့ထိ စာရင်းကောက်ယူခဲ့ခြင်းကြောင်း သိရသည်။
အဆိုပါစာရင်းကောက်ယူရာတွင် ရေဘေးသင့်ခံရသော ရပ်ကွက် လေးရပ်ကွက်နှင့်ကျေးရွာ ၂၈ ရွာတို့တွင် ကျွဲ ၈ ကောင်၊ နွား ၁၃၅၂ ကောင်၊ မြင်း ၁ကောင်၊ ဆိတ် ၆၇ ကောင်၊ ဝက် ၇၁၃ကောင်၊ ဒေသကြက် ၉၃၂၇ ကောင်၊ အသားတိုးကြက် ၂၅၀၀၀ ကောင် သေဆုံးပျက်စီးခဲ့ကြောင်း ၊ ချောင်းရေလျှံမှုကြောင့် ရေဘေးသင့် ရပ်ကွက်နှင့်ကျေးရွာများတွင် ကျန်ရှိသည့် ကျွဲ ၊ နွားများ အတွက် အစာအဖြစ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်အောင် ကြီးကြပ်မှုဖြင့် အစာနုများ ထောက်ပံ့ပေးအပ်ခြင်းနှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်မှူး ဒေါက်တာကောင်းစိုးစံနှင့်ဝန်ထမ်းများက ကျန်းမာရေး စောင့် ရှောက်မှုလုပ်ငန်းဆောင်ရွက်ပေးကြောင်း သိရသည်။
တင်စိုးလွင်