မှော်ဘီမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးတုံ့ပြန်တိုက်ကျွေးခြင်းလုပ်ငန်း(Oral Cholera Vaccine - OCV) မြို့နယ်အဆင့်အသိပေးဆွေနွေးပွဲကျင်းပ

မှော်ဘီ   စက်တင်ဘာ  ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးတုံ့ပြန်တိုက်ကျွေးခြင်းလုပ်ငန်း (Oral Cholera Vaccine OCV) မြို့နယ်အဆင့်အသိပေးဆေးနွေးပွဲအား ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာအခမ်းအနားတွင် မှော်ဘီမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာစောမြထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးမှူးအဆင့်(၁)​ဒေါ်ခင်အေးဝင်းမှ (Oral Cholera Vaccine - OCV) တိုက်ကျွေးခြင်း အကြောင်းအရင်းအချက်အလက်များပြောကြခဲ့သည်။

အခမ်းအနားသို့ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာစောမြထွန်း၊ မြို့နယ်ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်ခင်အေးဝင်း၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်မေထွဋ်နှင့်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ကြက်ခြေနီအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ဝင်းဇော်(ပြန်/ဆက်)