ညောင်ဦး စက်တင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိ ပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (မြို့မ)သို့သွားရောက်၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က လူငယ်ရေးရာအသိပညာပေး ဟောပြောဆွေးနွေးပြီး၊ ဦးစီးအရာရှိ ဒေါ်သူဇာစိုးက ကလေးအလုပ်သမားပပျောက်ရေး၊ ဒုတိယဦးစီးမှူး ဒေါ်ဇင်ယုခိုင်မှ ကျောင်းသားကျောင်းသူများစာဖတ်ရှိန်မြှင့်တင်ရေး၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်မှူး ဦးသန်းစိုးက စားသုံးသူကာကွယ်ပေးစသည့် အကြောင်းအရာများ ပညာပေးဟောပြောခဲ့ကြပြီး ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေးလက်ကမ်းစာစောင်များ၊ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြသည်။
ဆက်လက်၍ ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များပြသပေးရာ ကျောင်းသား ကျောင်းသူများစိတ်ဝင်တစား ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
ဒီပါလင်း