မြစ်သားမြို့နယ်တွင် မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း(မန္တလေး)နှင့်မြို့တော်ဆေးရုံမှ အထူးကုဆရာဝန်ကြီး(၁၀)ဦးဖြင့်(အခမဲ့) နယ်လှည့်ကွင်းဆင်းကျန်းမာရေးကုသဆောင်ရွက်

မြစ်သား  စက်တင်ဘာ  ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း(မန္တလေး)နှင့် မြို့တော်ဆေးရုံးမှ အထူးကုဆရာဝန်ကြီး(၁၀)ဦးဖြင့် (အခမဲ့)နယ်လှည့်ကွင်းဆင်း၍ ရေဘေးဒဏ်ခံစားနေရသော ပြည်သူများအတွက် ကျန်းမာရေး ကုသ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ် (လုပ်အားကြေးမုံ)ခန်းမ၌ လာရောက်ကုသပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းကုသဆောင်ရွက်ပေးရာတွင် အထွေထွေရောဂါအထူးကုဆရာဝန်ကြီးများ၊ ခွဲစိတ်အထူးကုဆရာဝန်ကြီးများ၊ သားဖွား၊ မီးယပ်အထူးကုဆရာဝန်ကြီးများ၊ အရေပြားရောဂါအထူးကု ဆရာဝန်ကြီးများ၊ နှလုံးရောဂါအထူးကုဆရာဝန်ကြီးများနှင့် အထွေထွေသမားတော်အထူးကုဆရာဝန်ကြီးများလာရောက်၍ (အခမဲ့)ကုသပေးလျက်ရှိရာ မြစ်သားမြို့ပေါ်ရှိ ရပ်ကွက်ကြီး(၆)ရပ်ကွက်၊ ကူမဲမြို့ရှိရပ်ကွက်ကြီး (၅)ရပ်ကွက်နှင့်အနီးဝန်းကျင်ရှိ ကျေးရွာနေ ဒေသခံပြည်သူများမှ လာရောက်ပြီး ကျန်းမာရေးဆေးကုသမှုခံယူခဲ့ကြောင်း သိရသည်။

နယ်လှည့်ကွင်းဆင်းဆောင်ရွက်ကုသပေးခြင်းကို မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း(မန္တလေး)နှင့် မြို့တော်ဆေးရုံမှ အထူးကုဆရာဝန်ကြီး(၁၀)ဦးနှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်း ကြက်ခြေနီကြီးကြပ်ရေးမှူးကော်မတီဥက္ကဋ္ဌ ဒေါက်တာသိန်းထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြစ်သားမြို့နယ်  ကြက်ခြေနီစေတနာလုပ်အားရှင်များက လိုအပ်သည်များကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး ရေဘေးဒဏ်ခံစားနေရသော ပြည်သူများအတွက် နံနက် (၉)နာရီမှ ညနေ(၃)နာရီအချိန်အထိ ကုသပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)