သာကေတ စက်တင်ဘာ ၂၁
ကျောင်းသား၊ကျောင်းသူ လူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တ(ဥက္ကဋ္ဌ) ဦးသက်နိုင်ဝင်းနှင့်အဖွဲ့ဝင် (၁)ဗိုလ်မှူး သူရိန်ဇော်၊ အဖွဲ့ဝင်(၂)ဦးညွှန့်ဝေ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအုန်းကျော်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများကျောင်းသား၊ ကျောင်းသူများတက် ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ခေတ္တ)ဥက္ကဋ္ဌ ဦးသက်နိုင်ဝင်းက လူငယ်များအသိဉာဏ်ပညာဗဟုသုတပိုမိုရရှိစေရန်၊ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်များတိုးပွားစေရန်၊ လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများကိုကျင်းပရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူးဦးအုန်းကျော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်မြပန်းခိုင်တို့က ညှိနှိုင်းရေးမှူး (Moderator) အဖြစ် ဆောင်ရွက်၍ သာကေတမြို့နယ်ရှိ အထက်တန်းကျောင်း(၆)ကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၆)ဦးက ဦးဆောင်ဆွေးနွေးခဲ့ရာ အမှတ်(၁)အခြခံပညာအထက်တန်းကျောင်း( Grade- 12 ) မှ မောင်အောင်ကောင်းဆက်က လူငယ်နှင့်စာပေခေါင်းစဥ်ဖြင့်လည်းကောင်း၊ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း( Grade-11 )မှ မမြဝတ်ရည်က လူငယ်နှင့်မူးယစ်ဆေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း(Grade-10)မှ မရတီသင်းဝေက လူငယ်နှင့်ယဥ်ကျေးမှုခေါင်းစဥ်ဖြင့်လည်းကောင်း၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း( Grade-10)မှ မကေဇင်ထွန်းက လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့်လည်းကောင်း၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း(Grade12)မှ မဇင်မျိုးထက်မှ လူငယ်နှင့်နည်းပညာခေါင်းစဥ်ဖြင့်လည်းကောင်း၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊(Grade-11)မှ မထက်တင်ဇာစိုးက လူငယ်နှင့်စာရိတ္တခေါင်းစဥ်ဖြင့် လည်းကောင်းဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား/သူများကလည်း မိမိတို့သိရှိလိုသည်များကိုမေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့သည် ။
ထို့နောက် လူငယ်စကားဝိုင်း၌ ပါဝင်ဆွေးနွေးသည့် ကျောင်းသား၊ကျောင်းသူ (၆)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးညွှန်ဝေ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းတို့က အမှတ်တရလက်ဆောင်များချီးမြှင့်ခဲ့ပြီး လူငယ်စကားဝိုင်းအစီအဥ်အား ရုတ်သိမ်းခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရန် ပြသထားသည့် နံရံကပ်စာစောင်များကို ကျောင်းသား/သူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)