နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သန့်ရှင်းရေးဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တိရစ္ဆာန်အစာအိတ်များ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်

ပျဉ်းမနား စက်တင်ဘာ ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သန့်ရှင်းရေးဆောင်ရွက်နေမှုအခြေအနေများအား နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုးသည် အခြေခံပညာမူလတန်း လွန်ကျောင်း(ကျွန်းဦး)သို့ ရောက်ရှိပြီး စာသင်ကျောင်းအတွင်း ရေကြီးမှုကြောင့် နုန်းတင်မြေနုများတင်ကျန်နေသည့် နုန်းများအား ဖယ်ရှားရှင်းလင်းနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပြီး ပညာသင်ကြားနိုင်ရန်အတွက် ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့်တာဝန်ရှိသူများသည် အခြေခံပညာအထက်တန်းကျောင်း(သကြားစက်)ရှိ စာသင်ခန်းများ၊ ကျောင်းဝန်းအတွင်းရှိ ကျန်ရစ်ခဲ့သော နုန်းများ၊ အမှိုက်များအား သန့်ရှင်းရေးဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုးသည် နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန‌ ဒေါက်တာစန်းထွန်းဝေ၊ နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ညိုညိုအေး၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးစိုးနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ နေပြည်တော်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှကျင်းပသည့် သဘာဝဘေးကျရောက်သည့်ဒေသများသို့ တိရစ္ဆာန်အစာအိတ်များ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။

ထောက်ပံ့ပေးအပ်ပွဲတွင် နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ပျဉ်းမနားမြို့နယ်အတွင်း ရေဝင်ရောက်ခဲ့သည့် ကျေးရွာများရှိ တိရစ္ဆာန်များ အစာပြတ်လပ်မှုမရှိစေရန်အတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ပျဉ်းမနားမြို့၊ ဈေးကုန်းကျေးရွာနှင့် ဆင်သေကျရွာရှိ တောင်သူများအတွက် တိရစ္ဆာန်အစာအိတ် ၅၀ အိတ် နှင့် တိရစ္ဆာန်ကုသဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးသီဟ (ပြန်/ဆက်)