ရန်ကင်း စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ရန်ကင်းမြို့နယ်လေ့ကျင့်ရေးအလယ်တန်းကျောင်းသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ငှားရမ်းပေးရာတွင် သုတ၊ ရသစာအုပ်ပေါင်း(၆၀)အုပ်ကို ငှားရမ်းပေးခဲ့ကြောင်းနှင့် ကျောင်းသားကျောင်းသူများ စာဖတ်အလေ့အထရှိစေရန်၊ စာဖတ်ခြင်းကြောင့် အသိပညာဗဟုသုတများကြွယ်ဝလာစေရန်၊ စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန်နှင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအတွက်ရည်ရွယ်၍ သွားရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို ရန်ကင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များသို့ နေ့ရက်အလိုက် အလှည့်ကျသွားရောက်ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
စောစန္ဒာ(ပြန်/ဆက်)