တံတား စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းသေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဝါသနာရှင်များနှင့် Youth Club အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာဒေါက်တာခင်မောင်ညိုရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်ကကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က အများပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန်မရှိသူများအတွက်၊ စာဖတ်ခွင့်မဆုံးရှုံးစေရန်၊ တစ်ဦးနှင့်တစ်ဦးစာပေဗဟုသုတအပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက်ရည်ရွယ်၍ လစဉ်စာဖတ်ဝိုင်းများပြုလုပ်ရခြင်းဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ စာဖက်ဝိုင်းတွင် Youth Club အဖွဲ့ဝင် မချောစုဝေက ဦးဆောင်ဆွေးနွေးရာတွင် စာအုပ်ပါအကြောင်းအရာတစ်ခုဖြစ်သည့် “လူငယ်နှင့် အလှအပ” အကြောင်းဆွေးနွေးရာတွင် လူငယ်များသည်တိုးတက်သောအမြင်ဖြင့် လှပချင်ကြကြောင်း၊ မိမိကိုယ်ကိုခေတ်မှီသော ပုံစံဖြစ်အောင်ပြင်ဆင်ကြသည်မှာ လူငယ်တို့၏သဘာဝဖြစ်ကြောင်း၊ လူငယ်များသည် အတွေးသစ်အမြင်သစ်ဖြင့်တီထွင်ဖန်တီးခြင်းကိုသဘောကျကြောင်း၊ အလှအပသည်လောကတွင် ဂုဏ်ယူစရာဖြစ်သကဲ့သို့ အလှအပနှင့်ပတ်သတ်၍အလုပ်အကိုင်များရရှိကြောင်း၊ အလှအပကိုမှန်ကန်စွာအသုံးချတက်ဖို့လိုအပ်ကြောင်း၊ အလှအပမက်မောပြီးမဆင်ခြင်ခြင်းကြောင့် ဒုက္ခရောက်ရသည်များလည်းရှိကြောင်း၊ လူတိုင်းတွင် ကိုယ်ပိုင်အလှများရှိသောကြောင့်မိမိကိုယ်ကိုယုံကြည်မှုရှိဖို့လိုအပ်ကြောင်း၊ သန့်ရှင်းပြီးကျန်းမာသောခန္ဓာကိုယ်ပိုင်ဆိုင်သူများသည် အမြဲလှပကြောင်း၊ ပညာဉာဏ်ပြည့်ဝသူများသည် ပို၍လှပကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် Youth Club အဖွဲ့ဝင် မောင်အောင်ခန့်မင်းမှ စာအုပ်ပါအကြောင်းအရာတစ်ခုဖြစ်သည့်“လူငယ်နှင့်တာဝန်သိမှု” ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးရာတွင် ကျန်းမာပြီးစွမ်းဆောင်နိုင်သောလူသားအားလုံးသည် တာဝန်ယူတတ်သူများဖြစ်ဖို့လိုအပ်ကြောင်း၊ လူငယ်တွေကိုတာဝန်ပေးခံရသည့်အခါမှာလိပ်ပြာသန့်သန့်ဖြင့် တာဝန်ယူတတ်ဖို့လိုအပ်ကြောင်း၊ တာဝန်သိတတ်သောအခါ တာဝန်ယူမှုတွေများလာမည်ဖြစ်ကြောင်း၊ တာဝန်ကျေမှုသည် ယဉ်ကျေးသောလူသားများ၏ဆောင်ရွက်ချက်ဖြစ်ကြောင်း၊ မိမိတို့မှာတာဝန်ရှိလျှင် တာဝန်ကိုရိုးသားစွာလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ပေးထားသောတာဝန်၏အသီးအပွင့်ကို အများပြည်သူခံစားခွင့်ရလျှင် မိမိသည်ကြီးကျယ်မြင့်မြတ်လာမည်ဖြစ်ကြောင်း၊ တာဝန်ကိုလုပ်ဆောင်ရာတွင် ရိုးသားမှုကိုအခြေခံရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
ခန့်စည်သူဝင်း(ပြန်/ဆက်)