ဘောဂလိ စက်တင်ဘာ ၂၀
ကရင်ပြည်နယ် ဘားအံခရိုင် ဘောဂလိမြို့၌ သဘာဝပတ်ဝန်းထိန်းသိမ်းရေးနှင့်ပတ်သက်သော အသိပညာဗဟုသုတပိုမိုရရှိစေရန် ရည်ရွယ်၍ ယမန်နေ့က လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ် ကြည်ကြည်ခိုင်က သစ်တောသစ်ပင်များ ပြုန်းတီးခြင်းကြောင့် ဖြစ်ပေါ်လာသသည့်ဆိုးကျိုးများ၊ သစ်တောသစ်ပင်များတို့၏ အကျိုးကျေးဇူးများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ နည်းလမ်းကို ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် လူထုအခြေပြုဗဟိုဌာန၌ ပြသထားသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်သော အသိပညာပေးနံရံကပ်စာစောင်များအား ရပ်မိရပ်ဖများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)