ကွမ်းခြံကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည်တိုက်ကွင်းဆင်းဆောင်ရွက်

ကွမ်းခြံကုန်း  စက်တင်ဘာ  ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ၊  နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့က ဒေးဒနောကျေးရွာ အ.မ.ကမူလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   ဦးစီးအရာရှိ  ဒေါ်နန့်ဆွေနွယ်ဦးက စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ စာဖတ်သည့်အလေ့အထဖြစ်ပေါ်လာစေရန်နှင့် ဗလငါးတန်ပြည့်ဝသည့်လူငယ်များဖြစ်ပေါ်လာစေရန်စသည့်အကြောင်းအရာများဟောပြောခဲ့ကြောင်း သိရသည်။ 

ထို့နောက် ကျေးရွာသူ/ရွာသားများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက်  စာအုပ်စာစောင်များအားစိတ်ဝင်းစားစွာ ဖတ်ရူလေ့လာခြင်းနှင့် ပြသထားသော ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံနရံကပ်စာစောင်များ၊ မြိုနယ်လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများအား  ကျောင်းသား/သူ  (၁၅၀)ဦးက စိတ်ပါဝင်စားစွာ   လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)