ပုသိမ်ကြီး စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းအောင်ရပ်ကွက်ရှိ “မြ“ မုန့်တီခေါက်ဆွဲလုပ်ငန်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ရန်ကင်းအောင်ရပ်ကွက်ရှိ ဦးအောင်မင်းသိန်း မုန့်တီဖိုမှ အလုပ်သမားတစ်ဦးဖြစ်သည့် ဖိုးလပြည့် (၁၈)နှစ် (ဘ)ဦးကျော်မိုးခိုင်သည် နေအိမ်အပေါ်ထပ်ရှိ အိပ်ယာပေါ်တွင် ဆေးလိပ်သောက်ရာမှ မွှေ့ယာပေါ်သို့ မီးပွားကျကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
မီးလောင်မှု ဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့်ဦးဆောင်သည့်အဖွဲ့ဝင် (၁၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့မှ ဦးရန်ရှင်းဦးဆောင်သည့် အဖွဲ့ဝင် (၁၀) ဦးတို့က မီးသတ်ယာဉ်(၃)စီးဖြင့် ငြှိမ်းသတ်ခဲ့ကြပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူအား ပုသိမ်ကြီးမြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)