ကလိန်အောင်မြို့၌ မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် တစ်စုံတစ်ခု ကျရောက်ပါက ကူညီကယ်ဆယ်နိုင်ရေးအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထားရှိ

ကလိန်အောင် စက်တင်ဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် သဘာဝဘေးတစ်စုံတစ်ခု ကျရောက်ပါက ကူညီကယ်ဆယ်နိုင်ရေးအတွက် ကယ်ဆယ်ရေးပစ္စည်းများ အဆင်သင့်ကြိုတင်ထားရှိခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ကလိန်အောင်နယ်မြေ မီးသတ်ဦးစီးဌာနရုံးတွင် ပြင်ဆင်‌ဆောင်ရွက်ထားရှိပြီးဖြစ် ကြောင်း သိရသည်။

ထို့သို့ ကြိုတင်ပြင်ဆင်ထားရှိရာတွင် ကလိန်အောင်နယ်မြေမီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုး‌ဆွေဦး ဦးဆောင်၍ တပ်ဖွဲ့ဝင်များအား တပ်ဖွဲ့စုအလိုက် ကြိုတင်ပြင်ဆင်ထားရှိခြင်း၊ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာရပါက အထိရောက်ဆုံးနှင့် အလွယ်ကူဆုံး တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများကို စနစ်တကျစုဖွဲ့၍ ထားရှိကြောင်း ကလိန်အောင်နယ်မြေ မီးသတ်စခန်းမှ ဒုတိယဦးစီးမှူး ဦးမျိုး‌ဆွေဦးထံမှ သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)