ဝမ်းတွင်း စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးအသင့်စုဖွဲ့လေ့ကျင့်ခြင်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်စခန်းရှေ့တွင် ဆောင်ရွက်ခဲ့ကြသည်။
ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် အပူပိုင်းမုန်တိုင်း(SOULIK) အရှိန်ကြောင့် မြို့နယ်အတွင်း မိုးကြီးပြီး တောင်ကျချောင်းရေကြောင့် ဘေးဒုက္ခရောက်နိုင်ခြင်းများဖြစ်ပေါ်နိုင်ပြီး ယခင်ဖြစ်စဉ်လို အခြေအနေများ ထပ်မံဖြစ်ပွားခဲ့လျှင် အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ဆောင်ရွက်နိုင်ရေးအတွက် ယခုလိုအသင့်စုဖွဲ့ လေ့ကျင့်ခြင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ် ဦးစီးမှူး ဦးစိုးထွန်းထံမှ သိရသည်။
ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းဦးဆောင်၍ တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း ရေဘေးသင့်ကျေးရွာများတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအပြင် အခြေခံပညာကျောင်းများတွင်လည်း စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)