အောင်မြေသာစံမြို့နယ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာသိကောင်းစရာများ ဟောပြောပွဲ ကျင်းပ

အောင်မြေသာစံ စက်တင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၁၆လမ်း×၈၆လမ်းထောင့်ရှိ အမှတ်(၂၀)အခြေခံပညာအထက်တန်းကျောင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာသိကောင်းစရာများ ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါကျောင်းရှိ မြတ်စေတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝါဝါနှင့် ဆရာ/ ဆရာများ၊ အထက်တန်းအဆင့် ကျောင်းသား/  ကျောင်းသူများ စုစုပေါင်း ၂၅၀ ဦးခန့် တက်ရောက်ကြသည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝါဝါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေအကြောင်းများကိုလည်းကောင်း၊ အလယ်တန်းပြဆရာမ ဒေါ်ခင်စန်းဝင်းက ပြည်သူ့စစ်မှုထမ်းဥပဒေကိုလည်းကောင်း၊ အလယ်တန်းပြဆရာ ဦးနေစိုးက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ကိုလည်းကောင်း အသီးသီးရှင်းလင်းဟောပြောကြသည်။

ထို့နောက် ကျောင်းသား/ ကျောင်းသူများက သိလိုသော မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း