ကျောက်ဆည် စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပက်ငန်းရှင်များအသင်းမှ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များနှင့် ကူမဲ၊ ပုလိပ်မြို့တယ်ခွဲများတွင် စားသုံးဆီအခက်အခဲမရှိစေရေး စားအုန်းဆီတင်သွင်းသည့် ကုမ္မဏီများနှင့် ချိတ်ဆက်ကာ ရည်ညွှန်းဈေးများဖြင့်ဝယ်၍ စာအုန်းဆီ(၁)ပိဿာ ငွေ(၇၆၀၀)ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စားအုန်းဆီများရောင်းချရာ၌ ကျောက်ဆည်မြို့နယ် ကြက်ဆင်ကျေးရွာတွင် (၁၁၀)ပိဿာ၊ သင်္ဂတုံကျေးရွာတွင် (၁၁၀)ပိဿာ၊ သင်တောင်းကျေးရွာတွင် (၁၁၀)ပိဿာ၊ မင်းစုကျေးရွာတွင် (၅၂၉)ပိဿာ၊ ပင်တလည်ကျေးရွာတွင် (၁၁၀)ပိဿာ၊ မှိုင်းပန်းကျေးရွာတွင် (၁၁၀)ပိဿာ၊ မင်းစု ကျေးရွာတွင် (၅၅၀)ပဿာ၊ ဆူးလေကုန်းကျေးရွာတွင်(၁၁၀)ပဿာ၊ ပေတောကြီးကျေးရွာတွင် (၁၁၀) ပိဿာ၊ ပင်တလည်ကျေးရွာတွင် (၁၁၀)ပိဿာ၊ စဉ့်ကိုင်မြို့နယ် ရွာဟောင်းကုန်းကျေးရွာတွင် (၃၃၀) ပိဿာ၊ ဗျင်္ညားလော၊ မင်းကိုင်း ကျေးရွာတွင် (၃၃၀)ပိဿာ၊ ရွာသာအေး၊ ရေကင်းကုန်း၊ ရွာတော် ကျေးရွာများတွင် (၃၃၀)ပိဿာ၊ သင်ကတုံ၊ ရွာဟောင်းကုန်းကျေးရွာတွင် (၁၄၄)ပိဿာ၊ မြစ်သားမြို့နယ် ထိန်ကန်ကြီးကျေးရွာအုပ်စု၊ ကံဦးကျေးရွာတွင်(၂၂၀)ပိဿာ၊ ပုလိပ်မြို့နယ်ခွဲ ရွာသာရွာ၊ ရွှေဘုံသာ ကျေးရွာတွင် (၂၂၀)ပိဿာ၊ ဥယျာဉ်ကျေးရွာ၊ မင်းလှကျေးရွာတို့တွင် (၂၂၀) ပိဿာ၊ သနပ်ပင်ကျေးရွာ တွင် (၂၂၀)ပိဿာ၊ ကူမဲမြို့နယ်ခွဲ မိုင်မောကျေးရွာတွင်(၁၄၀)ပိဿာ အသီးသီး ရောင်းချခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)