ပြင်ဦးလွင်မြို့နယ် မိုးကြိုး(အ.ထ.က)တွင် စာဖတ်ရှိန်မြှင့်တင်‌ရေး စာပေဟောပြော‌ပွဲ ကျင်းပ

ပြင်ဦးလွင် စက်တင်ဘာ ၁၉

လူငယ်ကဏ္ဍကို မြှင့်တင်‌ဆောင်ရွက်စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာ‌ပေဟော‌ပြောပွဲကို ယနေ့‌နံနက် (၉)နာရီခွဲအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုး(အ.ထ.က)တွင် ကျင်းပရာ ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေသီထက်နွေကျော်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က စာပေဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဗမာစာပေနှင့်ယဉ်ကျေးမှုအသင်း ခရိုင်အဆင့်ဒုတိယဥက္ကဋ္ဌ ဒေါ်အေဇင်မေက ဗမာစာပေနှင့်ယဉ်ကျေးမှုအသင်းအား မိတ်ဆက်ပေးခဲ့‌ကြောင်း သိရှိရသည်။ ထို့နောက် စာရေးဆရာ ကိုရွှေအောင်သင်းက လူငယ်နှင့်အနာဂတ်နိုင်ငံတော်ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါ ဟောပြောချက်များနှင့်ပတ်သတ်၍ ကျောင်းသား/ သူများအား မေးမြန်းခဲ့ရာ ကျောင်းသား/ သူများက ပြန်လည်ဖြေကြားခဲ့သည်။

ဆက်လက်ပြီး Green Challenge Association အဖွဲ့မှ အသင်းနာယက ဦးလင်းဇော်မင်းက ဆုရရှိသော ကျောင်းသား/ ကျောင်းသူ (၁၀)ဦးအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် မိုးကြိုး (အ.ထ.က)မှ ကျောင်းသား/ကျောင်းသူများအား အသိအလိမ္မာရဖွယ် သုတ၊ ရသပုံပြင်များ ဖတ်ကြားပြခြင်း၊ နံရံကပ်စာစောင်များ၊ သုတ၊ ရသစာစောင်များ ခင်းကျင်းပြသ‌ပေးသည်။

အဆိုပါဟောပြောဆွေးနွေးပွဲသို့ ကျောင်းသား/သူ(၂၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သွေးသွေး(ပြန်/ဆက်)