ကလိန်အောင်မြို့၌ သဘာဝဘေးနှင့်ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ပြင်ဆင်နိုင်ရေး ပြည်သူများသို့ အသိပေးနှိုးဆော်

ကလိန်အောင်  စက်တင်ဘာ  ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် သဘာဝဘေးနှင့်ရေးဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်နိုင်ရေး ပြည်သူများသို့ အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များတွင် အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ အသိပညာပေးနှိုးဆော်ဆောင်ရွက်ရာတွင် ကလိန်အောင်နယ်မြေမီးသတ်စခန်းမှ ဒုတိယဦးစီးမှူး ဦးမျိုးဆွေဦး ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ပြည်သူများအား မိုးရွာသွန်းမှုကြောင့် လျှပ်တပျက်အရေးကြီးခြင်းများ၊ တောင်ပြို၊ မြေပြိုခြင်းများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ဘသာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါကလည်း အရေးပေါ်ဆက်သွယ်ဆောင်ရွက်မည့်အချက်များ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့်ပြေညီထုတ်ပြန်ချက်များကို သတိပြုကြရန်နှင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပေးနှိုးဆော်ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)