ကျောက်ဆည် စက်တင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးအောင်ဇော်ဦးတို့သည် ယမန်နေ့ ညနေ (၃)နာရီခွဲ အချိန်ခန့်က ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင် ဦးဆောင်၍ ကျောက်ဆည်မြို့နယ် ပြည်ပန်းကျေးရွာ အ.မ.ကကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင် ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်နယ်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ကျေးရွာပြည်သူများ စုစုပေါင်းအင်အား (၂၀၀)ဦးခန့်တို့မှ ပြည်ပန်းကျေးရွာ အ.မ.က ကျောင်းဝန်းအတွင်းနှင့် စာသင်ခန်းများအတွင်း ရွံ့နွံများ ဆေးကြောခြင်း၊ စာသင်ခုံများ ရေဆေးခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် ဘုန်တော်ကြီးကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)