ချမ်းအေးသာစံ စက်တင်ဘာ ၁၉
အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တာဝန်ယူဆောင်ရွက်ကြမည့် လူငယ်များအနေနဲ့ ကျန်းမာကြံ့ခိုင်မှု၊ အရည်အချင်းပြည့်ဝမှု၊ ဉာဏ်ပညာထက်မြတ်မှု၊ လူမှုပေါင်းသင်းဆက်ဆံရေး ကောင်းမွန်မှု၊ အတွေးအခေါ်မှန်ကန်ရေး၊ နှုတ်မှုစွမ်းရည် တိုးတက်စေရန်နှင့် ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုး တိုးတက်သော နိုင်ငံ့သားကောင်း လူငယ်လူရွယ်များ ဖြစ်ပေါ်စေရန် ရည်ရွယ်ကာ ချမ်းအေးသာစံမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန အ.ထ.က ၁၉ တို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယနေ့ နံနက် (၉း၃၀)နာရီက ကျင်းပခဲ့သည်။
လူငယ်စကားဝိုင်းတွင် အ.ထ.က (၁၉) ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားပြီး ချမ်အေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင် ဦးဆောင်ကာ အ.ထ.က ၁၉ တွင် တက်ရောက်လျက်ရှိသော Grade-10 ကျောင်းသား ကျောင်းသူများဖြစ်သည့် မောင်ဝေလင်ဦး၊ မောင်ဆက်နိုင်ဝင်း၊ မသီရိထက်ဇော်၊ မထက်ရွှေဇင်ထွန်း၊ မမြတ်ပွင့်သဇင်နှင့် မစန္ဒာစိုးတို့က လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ မိန်းခလေးများနှင့် အမျိုးသမီးငယ်များ အခန်းကဏ္ဍ၊ လူငယ်နှင့် စာဖတ်ခြင်း၊ လူငယ်နှင့်အားကစား စသည့် ကဏ္ဍများကို ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများက ပြန်လည် ဆွေးနွေးမေးခွန်းများ မေးမြန်းခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းနိုင်