မဲနယ်တောင်ဒေသတွင် ပြည်သူများ သွားလာရေးအဆင်ပြေစေရန် ယာယီတံတားသစ် အစားထိုးတည်ဆောက်ရာသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ သွားရောက်ကြည့်ရှု

ဟိုပုံး စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ စက်တင်ဘာ(၁၀)ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေဝင်ရောက်မှုကြောင့် လူနေအိမ်၊ လမ်း၊ တံတားများ ပျက်စီးဆုံးရှုံးခဲ့ရပြီး မြေပြိုကျမှုများဖြစ်ပေါ်ခဲ့သည်။

အဆိုပါဖြစ်စဉ်များ ဖြစ်ပွားခဲ့သဖြင့် ဟိုပုံးမြို့နယ်တွင် ပေ ၁၈၀ အောက် တံတာ(၁၀)စင်း မျောပါပျက်စီးခဲ့ပြီး မဲနယ်တောင်ဒေသအတွင်း လမ်း၊ တံတားများ ပျက်စီးမှုအခြေအနေများအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ စံဖူး-ကျောက္ကချား-နောင်စုံလမ်းပေါ်ရှိ ပေ ၂၀ အရှည် ကွန်ကရစ်တံတား မျောပါပျက်စီးခဲ့သည့်နေရာတွင် ဒေသခံရွာသူရွာသားများ သွားရေးလာရေးအဆင်ပြေစေရန်အတွက် ပအိုဝ်းဒေသဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စံဖူး၊ ကျောက္ကချား ရွာသူရွာသားများဖြင့်ပူးပေါင်း၍  အဆိုပါနေရာတွင် ယာယီသစ်သားတံတား တည်ဆောက်ပေးလျက်ရှိပြီး စက်တင်ဘာလ(၂၀)ရက်နေ့တွင် တံတားတည်ဆောက်ပြီးစီးမည်ဖြစ်သဖြင့် ဒေသခံပြည်သူများ သွားရေးလာရေး အဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)