တံတားဦးမြို့နယ်တွင် ရေဝင်ရောက်မှုကြောင့် နေအိမ်ပြောင်းရွှေ့နေထိုင်ရသည့် ပြည်သူများအား ရိက္ခာဘိုးငွေများ ထောက်ပံ့လှူဒါန်း

တံတားဦး စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ရေကြီးနစ်မြုပ်မှု ဖြစ်ပွားလျက်ရှိရာ ယခုအခါ ရေများ ပြန်လည်ကျဆင်းပြီဖြစ်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရေဘေးသင့်ပြည်သူများအား မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၈)နာရီက တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပကြောင်း သိရသည်။

အဆိုပါ ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ရာတွင် တံတားဦးမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရေးဘေးသင့် ပြည်သူများထံသို့ မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေးသင့် ပြောင်းရွှေ့ပြည်သူ (၁၈၀၆၅) ဦးအတွက် ထောက်ပံ့လှူဒါန်းငွေ ကျပ် (၃၇,၉၃၆,၅၀၀)ကျပ်၊ ရေမျောပျက်ဆီးသည့် အိမ်ခြေ(၁၄)အိမ်အတွက် ငွေကျပ်(၁၄)သိန်းကျပ်၊ စုစုပေါင်းလှူဒါန်းငွေ (၃၉,၃၃၆,၅၀၀)ကျပ်ဖြစ်ပြီး ရေမျော ပျက်ဆီးသည့် အိမ်ခြေ(၁၄)အိမ်အတွက် တစ်အိမ်လျှင် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပုံး(၁)လုံးစီကိုလည်း လှူဒါန်းထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း တံတားဦးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်အိဖြူဖြူနှင်းထံမှ သိရသည်။

ရဲတင့်(ပြန်/ဆက်)