မိတ္ထီလာမြို့နယ် ဂွေးကုန်းကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် ဆိုလာရေသန့်စင်စနစ်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

မိတ္ထီလာ စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဂွေးကုန်းကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် ဆိုလာရေသန့်စင်စနစ် တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ်တွင် မြောက်လည်ကျေးရွာအုပ်စု ဂွေးကုန်းကျေးရွာ၌ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ၁၂ သန်းနှင့် ပြည်သူ ထည့်ဝင်ငွေ ၄.၃၀ သန်း တို့ဖြင့် အရှည်ပေ ၅၂၀ ၊ အကျယ် ၁၂ ပေ ၊ ထု ၆ လက်မရှိ  ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ၃ သန်းဖြင့် တစ်နာရီလျှင် ၁၂၀၀ လီတာထွက်ရှိသည့် ဆိုလာရေသန့်စင်စနစ်တပ်ဆင်ခြင်းလုပ်ငန်းများကို သြဂုတ်လ ၅ ရက်နေ့မှ စတင်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး ကျေးရွာသူကျေးရွာသားများ၏ စုပေါင်းအားဖြင့် ဆောင်ရွက်လျက်ရှိရာ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းမှာ ၈၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်သည်။ 

မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂ဝ၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအား နိုင်ငံတော်ထောက်ပံ့ ရန်ပုံငွေကျပ် ၂၅၅သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် သန်း ၉၁.၃၀  စုစုပေါင်း (၃၄၆.၃၀)သန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ (၁၇)ရွာအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံမှ သိရသည်။                                    

သိန်းမြင့်ကျော်(မိတ္ထီလာ)