တာလေမြို့၌ စာဖတ်ရှိန်မြှင့်တင်​ရေး ​အသိပညာ​ပေးဟော​ပြောပွဲနှင့် နံရံကပ်စာ​စောင်များ ပြသ

တာလေ စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(အ​​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် မြို့နယ်ခွဲ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနအ​နေဖြင့် အသိပညာ​ပေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ​ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လယ် ၁နာရီက စာဖတ်ရှိန်မြှင့်တင်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲ၊ နံရံကပ်စာ​စောင်နှင့် စာအုပ်ပြပွဲများပြသခြင်းကို အခြေခံပညာမူလတန်းကျောင်း တာကော့(ဝမ်ဆာ)၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

​ရှေးဦးစွာ မြို့နယ်ခွဲ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးဇော်က အသိပညာ​ပေး​ဟော​ပြောပွဲများ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ​ကျောင်းသား၊ ​ကျောင်းသူများအ​နေဖြင့် ​ကျောင်းစာအပြင် ပြင်ပဗဟုသုတစာ​ပေများကို ​လေ့လာဖတ်ရှုနိုင်ရေး၊ စာဖတ်သူသည် လူ့အများကြား စကား​ပြောဆိုရာတွင် ရဲဝံ့စွာ​ပြောဆိုနိုင်ကြောင်း၊ စာ​ပေမြင့်မှ လူမျိုးတင့်သည်ဆိုသည့်အတိုင်း ​နေ့စဥ်အားလပ်ချိန်များတွင် ​ကျောင်းစာကြည့်တိုက်(သို့မဟုတ်) ​ကျေးရွာစာကြည့်တိုက်များတွင် စာ​ပေများ လေ့လာဖတ်ရှုနိုင်​ရေးနှင့်စပ်လျဥ်း၍ ပညာ​ပေး​ပြောကြားခဲ့သည်။

ဆက်လက်၍ ​ဟော​ပြောပွဲအပြီးတွင် ​မူးယစ်​ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတားဆီးနှိမ်နင်း​ရေး နံရံကပ်စာ​စောင်များနှင့် သုတ၊ ရသစာအုပ်ပြပွဲများကို ​ခင်းကျင်းပြသခဲ့ရာ  ​ကျောင်းသား၊ ​ကျောင်းသူများက ​လေ့လာကြည့်ရှုခဲ့ကြ​ကြောင်း သိရသည်။

မိုးလရောင် (ပြန်/ဆက်)