လယ်ဝေး စက်တင်ဘာ ၁၉
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ဘေးဝဲယာရှိ ကျေးရွာများတွင် မြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးရှောင်စခန်းများ ဖွင့်လှစ်ထားရှိရာ စေတနာရှင်များက စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများ လာရောက်လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့နံနက် ၁၁ နာရီက နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ ဇနီး ဒေါ်သီတာဇင်နှင့် နေပြည်တော်ကောင်စီဝင်များ၏ ဇနီးများက လယ်ဝေးမြို့နယ်၊ အေလာ၊ သရက်တောကျောင်းတိုက်သို့ လာရောက်ပြီး သရက်တောကျောင်းတိုက်ပဓာန နာယကဆရာတော်ဘဒ္ဒန္တကုမာရအား ဖူးမျှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ရေဘေးရှောင်ပြည်သူများအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၏ ဇနီး ဒေါ်သီတာဇင်နှင့် နေပြည်တော်ကောင်စီဝင်များ၏ ဇနီးများက ထမင်းဘူးနှင့် စားသောက်ဖွယ်ရာများ လာရောက်လှူဒါန်းကာ ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)