မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်း သန်လျင်၌ ဖွင့်လှစ်

ရန်ကုန် စက်တာဘာ ၁၉

သန်လျင်ခရိုင် သန်လျင်မြို့နယ် သန်းခေါင်စာရင်းကော်မတီမှကြီးမှူးဖွင့်လှစ်သော ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကို စက်တင်ဘာ ၁၇ ရက် နံနက် (၉)နာရီတွင် သန်လျင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုလွင်က သင်တန်းဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက်အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြပြီး သင်တန်းတွင်ပို့ချမည့် စာအုပ်များ၊ အသုံးအဆောင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကြည့်ရှုကြသည်။

အဆိုပါ မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၂၇၄) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၁၀) ရက် ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။

ဖြိုးသီဟ (ခရိုင် ပြန်/ဆက်)