ပြင်ဦးလွင်မြို့နယ် ရွှေတောင်ကိုယ်ပိုင်အထက်တန်း‌ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်ရေးရာအသိပညာ‌ ပေးဟောပြော‌ပွဲကျင်းပ

ပြင်ဦးလွင် စက်တင်ဘာ ၁၉

လူငယ်ကဏ္ဍကိုမြှင့်တင်‌ဆောင်ရွက်စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာ‌ပေး ဟောပြောဆွေးနွေးပွဲကို စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရွှေတောင်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးလှဝင်းထိန်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဗမာစာပေနှင့်ယဉ်ကျေးမှုအသင်း ခရိုင်အဆင့် ဒုတိယဥက္ကဋ္ဌ ဒေါ်အေဇင်မေက ဗမာစာပေနှင့် ယဉ်ကျေးမှုအသင်းအား မိတ်ဆက်ပေးခဲ့‌ကြောင်းသိရှိရသည်။ ထို့နောက် စာရေးဆရာ ကိုရွှေအောင်သင်းက အနာဂတ်ကိုပိုင်စိုးမည့်သူများခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါ ဟောပြောချက်များနှင့်ပတ်သက်၍ ကျောင်းသား/သူများအား မေးမြန်းခဲ့ရာ ကျောင်းသား/ ကျောင်းသူ များက ပြန်လည်ဖြေကြားခဲ့သည်။

ဆက်လက်ပြီး ဗမာစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ဝင် ဒေါ်သင်းဇာခြည်လှိုင်က မေးမြန်းချက်များ ဖြေကြား‌ပေးခဲ့သော ကျောင်းသား/ကျောင်သူများအားဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါဟောပြောဆွေးနွေးပွဲသို့ ကျောင်းသား/သူ(၁၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

သွေးသွေး (ခရိုင်ပြန်/ဆက်)