ရန်ကုန် စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ်/ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီက ဗဟန်းမြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မိုးဦးပန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဗဟန်းမြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုလတ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး ဦးခင်မောင်သန်းက မြို့နယ်အတွင်း မြို့ပေါ်၊ ကျေးရွာများအလိုက်စာရင်းကောက်ယူရမည့်ကောက်ကွက်များ၊ သင်တန်းနှင့်ပတ်သက်လိုက်နာရမည့် စည်းကမ်းများ၊ လုပ်ဆောင်ရမည့်တာဝန်များအား ရှင်းလင်းဆွေးနွေး၍သင်တန်းသားများထံသို့ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ဗဟန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဗဟန်းမြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင်အဖွဲ့၀င်များ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူ(၁၀၆)ဦး တက်ရောက်ကြပြီး သင်တန်းကို စက်တင်ဘာ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)