စဉ့်ကိုင်မြို့နယ်၌ ရေများပြန်လည်ကျဆင်းသွားသည့် အခြေခံပညာကျောင်းများနှင့် ကျေးလက်ကျန်းမာရေးဆေးခန်းများတွင် စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်

စဉ့်ကိုင် စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း၌ မိုးအဆက်မပြတ် ရွာသွန်းမှု‌ကြောင့် ချောင်းရေ၊ မြစ်ရေများလျှံတက်ကာ ရေများဝင်ရောက်ခဲ့သည့် အခြေခံပညာကျောင်းများနှင့် ကျေးလက်ကျန်းမာ‌ရေးဌာနတို့တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးပြည့်ဖြိုးအောင်က အနီးကပ်ကြီးကြပ်၍ မြို့နယ်အထွေထွေဦးစီးဌာနမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများ၊ ရပ်ကွက်‌ကျေးရွာနေ ပြည်သူများ စုစုပေါင်းအင်အား (၁၂၀)ဦးတို့က မူလွန်(အင်းလျား)၊ အ.မ.က(ဆယ့်နှစ်ကိုင်း)၊ အ.လ.က(ခွဲ) (မြောက်ကိုင်း)၊ အ.မ.က (တက်မျှော)၊ အ.မ.က (ပတ္တာ)၊ အ.မ.က (သပြေပင်)နှင့် ဒေါင်းကျ ကျေးလက်ကျန်းမာ‌ရေးဌာနတို့ရှိ  စာသင်ခန်းများနှင့် ဆေးပေးခန်းများ အတွင်း၌ ကျန်ရစ်ခဲ့သော ရွှံ့နွံများ၊ အမှိုက်များအား  ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျော်စွာ (စဉ့်ကိုင်)