ဟားခါး စက်တင်ဘာ ၁၉
ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းပြုစုရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄)ကို စက်တင်ဘာလယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယနေ့ကျင်းပသည့် လုပ်ငန်းညှိနှုင်း အစည်းအဝေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတာဝန်ယူသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စ၍ ဆောင်ရွက်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို မှတ်တမ်းပြုစုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း ၊ ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်မှုမှတ်တမ်း ပြုစုနိုင်ရေးအတွက် ကော်မတီဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းပြုစုရာတွင် ညွှန်ကြားချက်မူဘောင် အတိုင်း အကောင်းဆုံးနှင့် အထိရောက်ဆုံး မှတ်တမ်းတစ်ခုဖြစ်အောင် ပြုစုရမည်ဖြစ်ကြောင်း၊ မှတ်တမ်းပြုစုရာတွင် ပညာရပ်ဆိုင်ရာအသုံးအနှုန်းများကို ဖြစ်နိုင်သမျှရှောင်ရှားပြီး သာမန်ပြည်သူ လူထုက အလွယ်တကူဖတ်ရှုအနားလည်နိုင်သည့် အသုံးအနှုန်းများဖြင့် ရေးသားဖတ်ချင်စဖွယ်ဖြစ်အောင် ရေးသာပြုစုရမည်ဖြစ်ကြောင်းနှင့် အစည်းအဝေး တက်ရောက်လာကြသူများက မှတ်တမ်း ပြုစုရေးနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့်လိုအပ်သည့် အကြံအဉာဏ်များ ဆွေးနွေးတင်ပြကြစေလိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းပြုစုရေးကော်မတီအတွင်းရေးမှူး၊ ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီက ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်း ပြုစုရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး အစည်း အဝေးတက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် ( ပြန်/ဆက် )