လသာမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ်/စာရင်းကောက် သင်တန်းဖွင့်လှစ်

လသာ စက်တင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ​ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၇ ရက် နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(အထက-၁လသာ)ဗဟိုစံပြခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ​ကျောက်တံတားခရိုင်၊ ခရိုင်သန်း​ခေါင်စာရင်း​ကော်မတီဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူးဦးဥက္ကာမှ အဖွင့်အမှာစကား​​ပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးဥာဏ်ဝင်းက သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နည်းပြများနှင့် စာရင်းစစ်/စာရင်းကောက်များအား သင်တန်းအထောက်အကူပြုပစ္စည်းများ အသီးသီးပေးအပ်ခဲ့သည်။

အဆိုပါ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်ပွဲကို ခရိုင်သန်း​ခေါင်စာရင်းကော်မတီဥက္ကဋ္ဌခရိုင်အုပ်ချုပ်​ရေးမှူး၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များတက်ရောက်ကြသည်။ အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ(၂၆)ဦးတက်‌ရောက်ပြီး ခရိုင်အဆင့်နည်းပြသင်တန်းတက်ရောက်ခဲ့သော သင်တန်းနည်းပြ(၃)ဦးက စက်တင်ဘာလ ၁၇ ရက်မှ ၂၈ ရက်အထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

နန်းသဲနု​​အောင်(ပြန်/ဆက်)