စမ်းချောင်း စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၇ ရက်နေ့ နံနက် ၉ နာရီက စမ်းချောင်းမြို့နယ် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း တော်ဝင်ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးဘဝင်းက အဖွင့်အမှာစကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
သင်တန်းကို စက်တင်ဘာ ၁၇ ရက်မှ ၂၈ ရက်အထိ ၁၂ ရက်ကြာ သင်တန်းသား၊ သင်တန်းသူ ၁၂၆ ဦး ဖြင့် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး၊ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့တို့မှတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖြူသွယ်ထွန်း (ပြန်/ဆက်)