တံတားဦးမြို့နယ်အတွင်း ရေဝင်ရောက်ခဲ့သော ကျေးရွာများရှိ စာသင်ကျောင်းများအား သန့်ရှင်းရေးများဆောင်ရွက်

တံတားဦး စက်တင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင် ယခင်ရက်များက ကျေးရွာအချို့တွင် ရေဝင်ရောက်မှုကြောင့် နေအိမ်များ၊ သာသနိက အဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် အခြားအဆောက်အအုံများ ရေလွှမ်းမိုးခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ယခုအခါ ရေဝင်ရောက်မှုများ ကျဆင်းသွားပြီး အမြင့်ပိုင်းအချို့တွင် လမ်းများ ဆက်သွယ်သွားလာနိုင်ပြီဖြစ်ပြီး အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများ ဦးဆောင်ပြီး စာသင်ကျောင်းများအား သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ဆောင်ရွက်ကြကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်လျက်ရှိသည့် တံတားဦးမြို့နယ် စကားအင်းကျေးရွာ အခြေခံပညာ အထက်တန်ကျောင်း(ခွဲ) အတွင်းရှိ နှုန်းများအား ယနေ့နံနက်(၉)နာရီက  မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနနှင့် အဖွဲ့ဝင်များဦးဆောင်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှု ဝန်ထမ်းများ၊ မြို့နယ်မီသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးသန်းနိုင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ ကျေးရွာသားများ စုပေါင်း၍နှုန်းများဖယ်ရှားကာ စုပေါင်းသန့်ရှင်းရေးပြုလုပ်ကြကြောင်း  သိရသည်။

ရဲတင့်(ပြန်/ဆက်)